Pages
Subscribe:
Featured Posts
Friday, May 25, 2012
Who am I ??
        Who am I?? ဆိုလို့ ဂျက်ကီချမ်းကား အကြောင်းပြောမလို့မဟုတ်ပါဘူး. ။ ကိုယ့်ကိုယ်ကို
ပြန်မေးခွန်းထုတ်လိုက်တာပါ.။ ကိုယ့်ကိုယ်ကို စိတ်လွတ်လက်လွတ်နေနေခဲ့တာကြာခဲ့ပါပြီ..။တစ်ပတ်လို့
စိတ်ထဲမှာ သတ်မှတ်ထားပေမယ့်. ၂ပတ်ကျော်သွားပါတယ်.။ ဘာဖြစ်လို့လဲ မေးရင်တော့. ဘာမှ မဖြစ်ပါ
ဘူးလို့ပဲ ပြောရမှာပါ.။ဒီကြားထဲမှာ ကျွန်တော့်ဘာတွေလုပ်နေတယ်ဆိုတာကတော့ ဖွဘုတ်ပေါ်သာ
ကြည့်ပါတော့လို့ ပြောရမလားပဲ.။ ကျွန်တော် နောက်ဆုံးပို့စ်တင်ခဲ့တာ ၁၃ ရက်နေ့ပေါ့.။ဒါပေမယ့်
တကယ်တမ်း ကိုယ့်ဖာသာရေးဖြစ်ခဲ့တာ ပုံမှန်အခြေအနေနဲ့စိတ်မလေခင်မှာရေးခဲ့တာက မေလ ၂ ရက်နေ့ပေါ့ဗျာ.။အဲ့ဒီနောက်ပိုင်းမှာဘာတွေဖြစ်လဲဆိုတာ ကျွန်တော်ရေးထားတဲ့ ဒိုင်ယာရီလေးထဲကပြန်
ပြောပြပါ့မယ်.။ ပထမဆုံးပြောပြစရာက..ကျွန်တော်တို့အဆောင်မှာ ၀ိုင်ယာလက်စ်သုံးတဲ့ ဦးကပ်စီးသူ
ငယ်ချင်းတွေရှိတယ်.။သူတို့သုံးတဲ့YOTA လို့ခေါ်တဲ့ Wi-max router က ဗားရှင်းအသစ်ပြောင်းတာကို
လဲဖို့သွားကြတယ်.။မြေအောက်ရထားဘူတာရောက်တော့သူငယ်ချင်းဆီဖုန်းဆက်ပြီး အဲ့နားက ပန်းခြံလေးထဲ
ကိုဝင်ပြီး ဓါတ်ပုံရိုက်ကြတယ်.။နွေဦးပေါက်စ (ဒီပေါက်စကပါလာပြန်ပြီ..ကတောက်..ငါ့နှယ်နော်..) ဆိုတော့.
ပန်းခြံထဲမှာစကိတ်စီးသူက စီး အတွဲလေးတွေနဲ့ထိုင်သူက ထိုင်ပေါ့ဗျာ.။ကျွန်တော်တို့လို ခေါင်းမည်းအာရှသား
ရွှေတစ်စုကတော့ ဖာသိဖာသာ ဟန်ထူးလွင်သီချင်းထဲကလို ခင်ဗျားတို့နဲ့ ကျွန်တော် မဆိုင်သလိုပဲ ပေါ့.။
       ဘာပန်းမှန်းတော့မသိ...လှတော့လှပါအိ..။
အဲ့နေ့က ၀ိုင်ယာလက် Router မရပဲနဲ့ နောက်ဆုံးတော့.....
     အဲ့လို ဖန်ဆင်းပစ်လိုက်တယ်..အေးရော...။
အဲ့တာက တစ်ခု .နောက်တစ်ခုက.. .။ ၇ ရက်နေ့မှာ ကျွန်တော်တို့တပ်ခွဲက အစ်ကိုတွေဆီကို..သွားတယ်.။
အလည်အပတ်ပေါ့ဗျာ..။ ဟိုရောက်တော့ ညီလေးမပြန်ပါနဲ့.ထမင်းချက်ကျွေးမယ်ဆိုတော့အားနာပြီးနေဖြစ်
သွားပါတယ်. ။ညနေပိုင်းရောက်တော့..အစ်ကိုတွေစကိတ်စီးတော့ စီးတတ်သလားမေးတဲ့အခါ.ကျွန်တော်
စီးချင်စိတ်ပြန်ပေါ်လာတယ်.။ တကယ်တမ်းကျွန်တော်စကိတ်မစီးတာ..၈နှစ်ကျော်၉ နှစ်ထဲမှာရှိပြီ.။၇ တန်း
နှစ်ကနောက်ဆုံးစီးခဲ့တာဆိုတော့. နဲနဲတော့စိမ်းသလိုဖြစ်နေတယ်.။ ဒါပေမယ့်သေချာပြန်စီးကြည့်တော့
လည်း အိုကေပါတယ်.။အဲ့နေ့က မော်စကို မြစ်ကမ်းအထိ ၄ မိုင်လောက် စီးကြတယ်.။ လဲလိုက်သမှ တစ်ဖုန်း
ဖုန်းနဲ့ပဲ.။ကျွန်တော် အဲ့လောက် တာဝေးကိုတစ်ခါမှ မစီးဖူးတာလဲ ပါပါတယ်.။ လူက မရဲပါဘူးဆိုမှ မီးပွိုင့်က
၅ ခါလောက်ဖြတ်ရတာလဲ ပါတာပေါ့.။ :p . ပြောဖို့မေ့သွားတာက.. အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်
ကျော်ကြီး နောင်တော်ကိုမောင်နှစ်လုံးနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်.။
   ဟိုးဖက်ကတိုက် ကြီးတွေနေထိုးနေတာလန်းလို့ရိုက်ထားလိုက်တာ..။
      အမှန်က အောက်က ခွေးများနင်းမိရင်ပြဿနာပဲလို့တွေးနေတာ.. ဟီး..။
နောက်တစ်ခုက အမေများနေ့ ကပေါ့..အဲ့နေ့က ကျွန်တော် ဘာသာပြန်ကဗျာလေးတစ်ပုဒ်
တင်ဖြစ်ပါတယ်.။ အဲ့နေ့က. ဆရာမတွေနဲ့ တိရစ္ဆာန်ရုံသွားကြတယ်.။ အဲ့တိရစ္ဆာန်ရုံက ဒုတိယ ကမ္ဘာစစ်
ကတည်းက ဖြစ်ပါတယ်.။ ဆရာမတွေက တစ်လမ်းလုံးရှင်းပြ..။ သဘောကောင်းလှချည်လားမှတ်နေတယ်..။
ပြန်လည်းပြန်ရော..။ အဲ့အကြောင်းစာစီစာကုံး ရေးခိုင်းတော့တာပဲ.။ >.<..။ တော်သေးတာပေါ့.. Wiki လေး
ရှိနေလို့..။ 
 ရှေ့ကကလေးလေးပုံကို သဘောကျလို့ရိုက်လိုက်တာ..။သူ့ခမျာတုတ်ချိုချဉ်လေးကိုင်ပြီးပျော်နေတာ.။
 လီဗာပူးတွေ..ဟုတ်ပေါင်.. ကြိုးကြာနီတွေ.......။
အရှေ့က တံဆိပ်....
လူကောင်သေးပေမယ့်.. ကြောက်ရတဲ့ ဆရာမ အာလျော့နာ..။
ပိုလာဝက်ဝံကြီးနဲ့သူ့ကလေးတွေ...ဆော့လိုက်တာလဲ မျောက်ရှုံးပါ့.၀က်ဝံရယ်.။
  တိရစ္ဆာန်ရုံထဲမှာ သဘောအကျဆုံးအကောင်လေးပါ..။ငယ်ငယ်က  Discovery Channel မှာကြည့်ခဲ့ဖူး
တယ်.။ Meerkat ဆိုတဲ့တွင်းအောင်းသတ္တ၀ါလေးပါ.။ တစ်ခြားအကောင်တွေ အစာစားနေချိန် ဆော့ကစား
နေချိန်မှာ တစ်ကောင်ကောင်က အခုလို အလှည့်ကျကင်းစောင့်ကြရပါသတဲ့.။ ..
အပေါ်က ကျားဖြူက ကိုက်မယ့်ပုံမပေါ်ဘူးနော်.။ ချစ်စရာကြီး.. ဟီးဟီး..။ အောက်ကကလေးမလေးကတော့
ချစ်စရာကောင်းလွန်းလို့လှမ်းရိုက်လိုက်တာ.။ ငယ်ငယ်ကတည်းကစကားပြောရင်အမူအယာတွေနဲ့မျက်လုံး
မျက်ခုံးတွေနဲ့ပြောတာဗျာ.။ တကယ့်ကလေးမလေး.။
      ပို့စ်လဲရှည်သွားပြီ.။ ပုံတွေက အများကြီးပဲ အားလုံးတင်မပေးနိုင်တာကိုနားလည်ပေးပေါ့ဗျာ.။
နောက်တော့လည်း ဒီလို သွားတဲ့လာတဲ့အခါ Up to date ဖြစ်အောင်တင်ပေးပါ့မယ်.။ (ပေးပြန်ပြီ ဒီကတိ..)
အခုတစ်လော ဖွဘုတ်ပေါ်မှာပဲ အမြစ်တွယ်နေတဲ့ရောဂါကို ဖြတ်ပြီး.ဘလော့ဘက်ပြန်လှည့်ပါမယ်.။ ပြီးတော့
နောက်တစ်ပတ်ကျော် လောက်မှာ စာမွဲရှိတဲ့အတွက်.။ ခန နားချင်နားပါဦးမယ်.။ဒီနေ့တော့ ဒီလောက်ပါပဲ
ဗျာ.။ 
Sunday, May 13, 2012
ငါသေသွားခဲ့ရင်...
အရာရာမတည်မြဲတဲ့လောကကြီးထဲမှာ...
ငါတကယ်လို့ အမှတ်မထင်သေဆုံးသွားခဲ့ရင်..
- ဖန်တီးခဲ့တဲ့. ၊ ဖန်တီးနေဆဲ အရာအားလုံးအတွက်
   ငါနှမြောတယ်....
   အဲ့ဒီအတွက်..
   လောကကြီးကို တာဝန်မကျေမှု အတွက် ခွင့်လွှတ်ဖို့ပြောပေးပါ....။
- ထမ်းဆောင်ခဲ့တဲ့ ၊ ထမ်းဆောင်နေဆဲ့ ၀တ္တရားအားလုံးအတွက်
  စိတ်မကောင်းဖြစ်တယ်...
  အဲဒီအတွက်...
  မိခင်နိုင်ငံတော်ကို..အလေးပြုတောင်းပန်ခဲ့ကြောင်း ပြောပေးပါ....။
- မျှော်လင့်ခဲ့တဲ့ ၊ မျှော်လင့်နေဆဲ အိပ်မက်အားလုံးအတွက်
  အဲဒီအတွက်..
  နောင်လာမယ့်သူတွေကို ငါ့အိပ်မက်တွေအကြောင်းပြောပေးပါ...။
- ငါ့ကိုချစ်ခဲ့သူ ၊ငါ့ကိုချစ်တဲ့သူတွေ အားလုံးအတွက်
  အားနာတယ်...
  သူတို့ကို ၀တ္တရားပျက်ကွက်မှုအတွက် ခွင့်လွှတ်ဖို့ပြောပေးပါ...။
- ငါချစ်ခဲ့တဲ့..၊ ချစ်နေဆဲ.၊ အမြဲချစ်သွားမယ့်..
  အမြတ်နိုးဆုံး သူမ အတွက်လည်း...
  ငါ ကြေကွဲတယ်...
  သူမ ကို..
  ငါမသေဆုံးမီက
  ဒီလောကကြီးထဲမှာ
  သူမကိုဘယ်လောက်ချစ်ခဲ့တယ်..
  ဘယ်လောက်မြတ်နိုးခဲ့တယ်..
  ဘ၀ တစ်ခုလုံးစာ နှစ်မြုပ်ပြီး...
  (သူမကလွဲရင်) အရာရာကိုဆန့်ကျင်ခဲ့တယ်
  သူမက ငါ့ရဲ့ ကမ္ဘာတစ်ခု ၊ ငါ့ရဲ့ အသက်တစ်ခု ၊ ငါ့ရဲ့ ဘ၀တစ်ခု လို သဘောထားခဲ့တယ်
  ရှင်သန်ခြင်းနဲ့ ဆက်စပ်တဲ့ ရင်ခုန်သံတိုင်းမှာ...
  သူမ အကြောင်းကိုတွေးတောနေတယ်...
  ပြီးတော့...
  အဲဒီလိုတွေးတောရင်းနဲ့ပဲသေဆုံးသွားတယ်ဆိုတာ...
  သူမ သိအောင် ပြောပေးပါ...။
Saturday, May 12, 2012
Mother Power (အမေ့အားမာန်..) - ဘာသာပြန် (အမေများနေ့ဂုဏ်ပြု ကဗျာလေးပါ..)
* A mother is like a turbine, creating warmth and power
   Running very smoothly for the family every hour
*A mother is like a seeding machine,
  sowing her love.
  Nurturing children's knowledge beyond and above.
*A mother is like an artist, painting a pretty scene.
  A priceless master piece, created with thought so keen
*A mother is like a railroad or city transit train
  Moving to new achievements, more knowledge to attain .
*A mother is like a restaurants, a master chef to know
  Serving scrumptious snacks and meals to family on the go
*A mother is like a medical team,
  doctor and nurse combined.
  To held the house hold maladies with chars in mind.
*A mother is like a fashion show,
  displaying all the styles.
  A glowing jewels of family joy that
  shines on life's green isles .
     That's "Mon", isn't the "GREAT".
                                                        (Jack Brock)
                     မိခင်အားမာန်..
* အမေဟာ
  ရေနွေးငွေ့နဲ့လည်ပတ်နေတဲ့ စက်တစ်လုံးလို
  နွေးထွေးမှု နဲ့အားအင်တွေ
  မိသားစုအတွက်
  အချိန်တိုင်း ချောမွေ့စွာ လှုပ်ရှားပေးနေတယ်..။
* အမေဟာ
   ပျိုးကြဲစက်တစ်လုံးလို
   သူ့ရဲ့ချစ်မေတ္တာတွေကို
   ကြဲပက်စိုက်ပျိုးပေးနေတယ်..။
   မီးမီးသားသား ကလေးငယ်များ
   မြင့်မြတ်အသိတရားနဲ့ ဗဟုသုတ တွေရအောင်
   အမြဲပြုစုပျိုးထောင်ပေးနေတယ်...။
* အမေဟာ
   ပန်းချီဆရာတစ်ယောက်လည်းဖြစ်တယ်.။
   လှပတဲ့မြင်ကွင်း
   ရှုမျှော်ခင်းကြီးတစ်ခုကိုရေးဆွဲနေတာလေ..။
   သူဟာသူ့ရဲ့အတွေးတွေနဲ့..
   တန်ဖိုး မဖြတ်နိုင်တဲ့ အကောင်းဆုံးလက်ရာ
   ပန်းချီကားကြီးတစ်ချပ်ကို
   အလွန်စိတ်အားထက်ထက်သန်သန်နဲ့..
   ဖန်တီးချယ်မှုန်းနေတာဖြစ်တယ်.။
* အမေဟာ မီးရထားလမ်းတစ်ခု
   (ဒါမှမဟုတ်).. ရှုပ်ထွေးလှတဲ့
   ရထားလမ်းတွေဆုံတဲ့ မြို့တစ်မြို့ဖြစ်တယ်.။
   သားသမီးတွေကို..
   အောင်မြင်မှု အသစ်များရအောင်..
   ဗဟုသုတ အကြားအမြင်တွေပိုမိုရရှိအောင်
   အမြဲလှုပ်ရှားဆောင်ရွက်ပေးနေသူဖြစ်တယ်.။
* အမေဟာ
   စားသောက်ဆိုင်ကြီးတစ်ခုနဲ့လည်းတူတယ်.။.
   မိသားစုအတွက်.
   ဘယ်လို စားကောင်းမယ့်အစားအစာတွေကို
   ချက်ပြုတ်ကျွေးမွေးရမယ်ဆိုတာ သိတဲ့
   စားဖိုမှူးကြီးတစ်ယောက်လည်းဖြစ်တယ်.။
* အမေဟာ
   ဆေးရုံတစ်ခု(ဆေးကုသတဲ့အဖွဲ့) နဲ့လည်းတူတယ်.။
   သူပဲဆရာဝန်
   သူပဲ သူနာပြု
   နေထိုင်မကောင်းဖြစ်တဲ့
   အိမ်သားတွေကိုပြုစုကုသပေးဖို့ရာ.
   (သူ့စိတ်ထဲမှာ..)
   အဲဒီအမှုကိစ္စလေးတွေနဲ့ပဲ
   အလုပ်ရှုပ်နေတတ်တယ်.။
* အမေဟာ
   ဖက်ရှင်ပြပွဲတစ်ခုနဲ့လည်းတူတယ်.။
   သူဟာ
   အိမ်ကို ပုံစံအမျိုးမျိုးနဲ့ အလှဆင်..
   မိသားစု ပျော်ရွှင်ကြည်နူးမှုရဲ့
   တောက်ပတဲ့ရတနာ တစ်ပါးပေါ့...။
   အဲ့ဒီရတနာတစ်ပါးက
   ဘ၀ရဲ့ စိမ်းလန်းကျွန်းများအပေါ်မှာ
   (ဂုဏ်သရေ) တောက်ပ စေတယ်..။
   ဒါဟာအမေပဲလေ..။
   အမေဟာ..
   “ ကြီးမြတ်သူကြီး ” လို့
   မဆိုနိုင်ပေဘူးလား...။
          (နောင်တော်အစ်ကိုတစ်ဦး ဘာသာပြန်ဆိုထားတာပါ.။ ပြန်လည် တည်းဖြတ်.. Trace လုပ်ခိုင်းပေမယ့် သူ့ရင်ထဲက သဏ္ဍာန်လေးပျောက်သွားမှာစိုးလို့.. စာလုံးပေါင်းကလွဲရင်..မဆိုစလောက်လေးပြန်ဆိုလိုက်ပါတယ်. ။)
မနက်ဖြန် ပြာသိုလပြည့်နေ့မှာကျရောက်မယ့် အမေများနေ့ကို ကြိုဆိုရင်း..ကမ္ဘာပေါ်က အမေဆိုတဲ့ ပုဂ္ဂိုလ်တစ်ဥိးကို ရှိခိုးဦးချလိုက်ပါတယ်.။ ကျန်းမာပါစေအမေရေ....။
Wednesday, May 2, 2012
Happy Birthday ပါ မေဇော်...
            အချိန်တွေက ကုန်မှန်းမသိအောင်ကုန်သွားရာကနေ..ငါတို့ အတူတူပျော်ခဲ့တဲ့ နင့်မွေးနေ့လေးတောင်
တစ်နှစ် တင်းတင်းပြည့်လာခဲ့ပြီနော်.။ ငါမရှိတဲ့နင့် မွေးနေ့မှာ.နင်ပျင်းနေမယ်ဆိုတာ ငါသိတာပေါ့.။ ဒါပေမယ့်
ငါ PDF ထုတ်ပြီး ပို့ပေးထားတဲ့ မွေးနေ့မှာ ဘာလုပ်ကြမလဲ. ဆိုတဲ့ ဆောင်းပါးလေးအတိုင်းပေါ့.။ နင့်မွေးနေ့
လေးကို အဓိပ္ပါယ်ရှိရှိ ကုန်ဆုံးမယ်ဆိုတာ ငါယုံကြည်ပါတယ်. မေဇော်.။ 
       နင့်မွေးနေ့အတွက် ငါ စိမ်းလန်းမြေ ပရဟိတမှာ လှူခဲ့တဲ့ ဂုဏ်ပြုလွှာလေ.။ 
       တိုက်တိုက်ဆိုင်ဆိုင် ငါလှူမယ့်အချိန်မှာပဲ .ရန်ကုန်တိုင်းက သုံးခွ ၊ဒလ ၊ ခရမ်း အဲ့ဒီဘက်တွေမှာ 
သောက်သုံးရေရှားပါးနေတယ် လို့ ကြားလို့ ငါလှူခဲ့တယ်.မေဇော်ရေ.။ဒါပေမယ့် ငါလှူပြီး ပြန်လာတော့ကိုရင်
စတေးတပ်စ် ကတန်းတက်လာတယ်.။ မိုးတွေရွာနေပြီတဲ့..။ စိတ်ထဲမှာ အတိုင်းမသိပျော်မိတာပေါ့ဟာ.။
အရင်နှစ်က ပျော်ခဲ့တဲ့ပုံလေးတွေကို ပြန်ကြည့်ပြီး သတိရနေသေးတယ်.။ 
မေဇော်လေးမွေးနေ့ အတွက်ဆုတောင်းပေးသူများ...
"Happy Birthday, friend!
Also don't know you, but as Hein Linn Htun's girlfriend, I wish you two can have fun till the end of your life.!
And from this birthday on, wish your life is full with happiness and prosperous and also as bright as a candle.!"
Your new friend:  Win Pa Pa Aye
ချစ်စရာကောင်းသော ညီမလေးမေဇော် ယခုနှစ်မွေးနေ့မှစ၍ နောင်နှစ်ပေါင်းများစွာအထိ ချစ်သောသူနဲ့ ထာဝစဉ်လက်တွဲရပါစေ...း)”
                           အစ်မမိုးငွေ့(မိုးငွေ့နှင့်အတူ - http://coralnyo.blogspot.com )
မပေါက်စလို့ပဲခေါ်လိုက်တော့မယ်ဗျို့
လူချင်းမရင်းနှီးပေမယ့် ပေါက်စဆိုတဲ့နာမည်ကိုတော့
ကိုမေမြို့မိုးကြီးခဏခဏပွဲထုတ်လွန်းလို့တော်တော်ကိုရင်းနှီးနေပါပြီ။
မပေါက်စ@မဒမ်မေမြို့မိုး@မမေဇော်ရဲ့ယခုကျရောက်တဲ့မွေးနေ့ကစလို့
နောင်နှစ်ပေါင်းများစွာတိုင်ချစ်ရတဲ့သူနဲ့ရွှေလက်မြဲမြဲတွဲပြီး
ကျန်းမာပျော်ရွှင်စွာနဲ့ဘ၀ခရီးလမ်းကိုပျော်ပျော်ရွှင်ရွှင်လျှောက်လှမ်းနိုင်ပါစေလို့
မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျာ။
                                        ချောကလက်ကျူးပစ်လေး
                                    http://www.chocolatecupidlay.com
၃ရက် ၅လ မှာကျရောက်သောညီမလေး မွေးနေ့မှာအမှတ်တရ ပေါင်းများစွာ ပိုင်ဆိုင်နိုင်ပါစေ။ဟိုးလွန်ခဲ့သော၁၉၉၀နှစ်မှသည်ယခု၂၀၁၂ ထိ
လူ့လောကကိုခြေချခွင့်ပြုသော မိဘများကိုလည်း ကျေးဇူးတင်ထိုက်သော ချစ်ဖွယ်စကားများဆိုထိုက်ပြီးပြီလား..တစ်နည်းမဟုတ်တစ်နည်းကျေးဇူး
ဆပ်ခွင့်ပြုပြီးပြီလား..စိတ်ချမ်းသာမှုပေါင်းဘယ်နှကြိမ်နှင့်စိတ်ဆင်းရဲမှုပေါင်း
ဘယ်လောက် ပြုခဲ့ပြီးပြီလဲ..တပ်စွမ်းသမျှ အားအင်နှင့်အမှန်တကယ်
လိုအပ်သော နေရာများကို ဒါနပြုခဲ့ပြီးပြီလဲ မွေးနေ့တွက် အပျော်ကို
ဦးစားပေးမလား အနှစ်သာရကိုဦးစားပေး
မလားဆိုတာ ညီမလေးတွက် စဉ်းစား တွေးတောစရာလေး 
ကိုအချိန်မရသည့်ကြားမှ စကားလက်ဆောင်ပါးလိုက်ပါတယ်။..
အနှစ်သာရ ပြည့်ဝသော မွေးနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ။
                                                                         စိမ့်သျှရီခ
မေဇော်လေးမွေးနေ့အတွက် တီတင့်ဖတ်ဖူးတာလေး အက္ခရာရှစ်လုံး အမှတ်တရလက်ဆောင်ပေးလိုက်တယ်နော်း)
အက္ခရာရှစ်လုံး
ပညာပြည့်ဝ နှလုံးလှဖို့
သုတဖြာဖြာ ရလိုပါမူ
မြဲစွာသတိ လုံလရှိလျက်
စာကြည့်စာစု အစဉ်ပြု၍
သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ
အက္ခရာစွဲသုံး ဤရှစ်လုံးကို
သီကုံးပန်းသွင် နေ့တိုင်းဆင်လော့။
သု=သုဏေယျ၊ ကြားနာရာ၏။
စိ= စိန္တေယျ၊ ကြံရာ၏။
ပု= ပုစ္ဆေယျ၊ မေးမြန်းရာ၏။
ဘာ= ဘာသေယျ၊ ပြောဆိုရာ၏။
ဝိ= ဝိစာရေယျ၊ စူးစမ်းဆင်ခြင်ရာ၏။
လိ= လိက္ခေယျ၊ ရေးမှတ်ရာ၏။
သိ= သိက္ခေယျ၊ လေ့ကျင့်ရာ၏။
ဓာ= ဓာရေယျ၊ နှုတ်တက်ဆောင်ရာ၏။
                              တီတင့်.(အန်တီတင့်၏ အမှတ်တရလေးများ-http://www.auntytint21183.net )
Happy Birthday Sis^^
ညီမလေးရေ.......
 ပျော်စရာမွေးနေ့လေး ပိုင်ဆိုင်ပါစေ...
 လိုအင်ဆန္ဒတွေ ပြည့်ဝပါစေ....
 မောင်လေးနဲ့လည်း ဘ၀ခရီးကို ထာဝရပျော်ပျော်ကြီး လျှောက်လှမ်းနိုင်ပါစေလို့ မမဆုတောင်းပေးလိုက်တယ်နော်
နောက်ဆုံးဆုတောင်းက ထည့်မှဖြစ်မယ်.. မဟုတ်ရင် ကိုယ်တော်ချောက သမလိမ့်မယ် တိန်
ခင်တဲ့ 
                              အစ်မ.ကန်ဒီ.( http://www.candykhine.com )
မေလ၃ရက်တွင်ကျရောက်သော မိုးသက်၏မေသူအတွက် ပျော်ရွှင်စရာမွေးနေ့ မင်္ဂလာဖြစ်ပါစေလို့  မောင်(စွယ်စုံကျမ်း)မှ ဆုမွန်ကောင်း တောင်းပေးပါတယ်
                                                         မောင်(စွယ်စုံကျမ်း)(http://www.zwmnna.com )
ပေါက်စလို့ ချစ်စနိုးခေါ်တဲ့ ချစ်စရာကောင်းတဲ့ ညီမလေး မေဇော်ရဲ့ မွေးနေ့မှ နောင်ဘ၀တစ်လျှောက်လုံး အောင်မြင်ပျော်ရွှင်မှုတွေနဲ့သာ ကြုံတွေ့နိုင်ပါစေ
မိမိကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ရဲရင့်ထက်မြတ်တဲ့ မိန်းကလေးတစ်ယောက်အဖြစ် ချစ်သောမိသားစု ချစ်သော ချစ်သူနဲ့အတူ ဘ၀ကို အောင်မြင်မှုတွေနဲ့ တာဝရလျှောက်လှမ်းနိုင်ပါစေ..
ချစ်တဲ့ Sis, Snow
(မှတ်ချက်.. အခုရေးမှာက ဆုတောင်းစကားထဲမပါဘူးနော်. :) တစ်နေ့က ပုံဆွဲရင်းနဲ့ ချယ်ရီပန်းပုံလေးဆွဲထားတာရှိတယ်.. အဲဒါ မေဇော်က ပြင်ဦးလွင်ကဆိုတော့ ချယ်ရီတွေပွင့်တဲ့မြို့ဆိုတော့ သူ့မွေးနေ့နဲ့ တိုက်ဆိုင်လို့ အမှတ်တရ တွဲပို့ပေးလိုက်တယ်မောင်လေးရေ..။ ဆွဲတာတော့ ချယ်ရီဆွဲတာပဲ ဘာပုံပေါက်နေလဲတော့ မသိဘူး :D
ဟိုတစ်နေ့က ဆွဲတဲ့ ကံ့ကော်ပန်းကိုတော့ သူငယ်ချင်းတွေက တရုတ်စကားနဲ့ ပိုတူတယ်ဆိုပြီးေ ပြာကြလေရဲ့။ အခုချယ်ရီလည်း ဘာပုံလည်းတော့ မသိဘူး. ဆွဲတော့ ဆွဲထားတာပဲ.. အမှတ်တရအနေနဲ့ ကိုယ်တိုင်ဆွဲထားတာကို ပို့ပေးပါတယ်.. ပျော်ရွှင်ပါစေ. မွေးနေ့ပို့စ်လေးကို ချစ်သူတွေကိုယ်စား စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော်နေပါတယ် :D )
          အစ်မ စနိုး ( http://snowmay1987.blogspot.com/ )
နာ့သယ်၇င်း၇ဲ့ ကောင်မလေး မွေးနေ့ မှစပီး နင်တို့ ၂ယောက် ဒီထက်ပျော်၇ွှင်နိုင်ပါစေ
                                                       စွာတေး.(ခေတ္တ-USA)
ညီမလေး မေဇော်..
Happy Birthday To You..
ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ..
နောင်နှစ်ပေါင်းများစွာမှာလည်း ချစ်တဲ့သူနဲ့ အတူတကွအမြဲတမ်းပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..
     ခင်တဲ့
         အမဝါ
ပေါက်စလေး(ဘယ်နှနှစ်မြောက်မှန်းမသိသည့်)မွေးနေ့မှသည်...နောင်နှစ် ပေါင်း များ စွာတိုင်...ချစ်သောမိသားစု၊မမမနဲ့အတူ ပျော်ရွှင်ဖွယ်နေ့ပေါင်းများစွာကို ပိုင်ဆိုင်ပြီးသကာလ....တရားထူးတရားမြတ်များရရှိကာ နိဗ္ဗာန်မဂ်ဖိုလ်ကို ရက်တိုတိုနဲ့မျက်မှောက်ပြုနိုင်ပါစေကွယ်...။ (မေလ်းလိပ်စာမသိလို့ပါဒကား)
                         အစ်မသမီးစံ (ခေတ္တ-သာသနာ့ဘောင်..- http://thameesan.blogspot.com/ )
ချစ်စရာကောင်းပါတဲ့
ညီမငယ်လေး
ပေါက်စန
ရောက်ရှိတဲ့မွေးနေ့ရက်မြတ်လေးမှသည်..
နောင်နှစ်ပေါင်းများစွာ..များစွာတိုင်အောင်
ညီမလေး..စိတ်ကိုယ်နှစ်ဖြာသော
ချမ်းသာခြင်း ကျန်းမားခြင်းသုခနဲ့
ပြည့်စုံလို့ အောင်မြင်ပျော်ရွှင်တဲ့
ဘဝလေးတစ်ခုကို
တည်ဆောက်ပိုင်ဆိုင်ပါစေလို့
အမကဆုတောင်းပေးပါတယ်နော်..
               ခင်တဲ့အမ pigpig (http://blackroze-blackrose.blogspot.com/ )
မေဇော်လေးရေ အခုမွေးနေးမှ နှစ်ပေါင်း ၁၂၀ တိုင်အောင် အသက်ရှည်ပါစေ။တခါမှမတွေ့ ဘူးပေမယ့်        မေမြို့ မိုး သူ့ ဘလော့ မှာ မေဇော့်အကြောင်းလေးတွေထည့် ထည့် ရေးနေတော့ ရင်းနှီးနေပါတယ်။မွေးနေ့မှာပျော်ရွင်ပါစေနော်။
                               ဘရဏီ @ မေဘရဏီနိုင် (http://barbielay.blogspot.com/  )
သူ ငယ်ချင်း ဧ။်23 နှစ် မွေးနေ့ မှ သည်....နောက် နှစ်တွေ တိုင်း...မိမိ ချစ် ရသော...မိဘ။ မောင်နှမ။ ဆွေ မျိုး။ပြီးတော့ မိမိ ချစ်ရမည် ဘ၀ လက်တွဲ ဖော် နဲ့ အတူ......ရာထူး ဂုဏ်ထူး များ ကို ကျန်းမာ ပျော် ရွှင် စွာ ဖြင့် နှစ်စဉ်နှစ်တိုင်း...လစဉ်လတိုင်း ..ရက်စဉ်ရက်တိုင်း...အောင်မြင်စွာဖြင့်...အဆက်မပြတ် ပိုင်ဆိုင် နီုင်ပါစေလို့.....သူရှိန် က ဆုတောင်း ပေးလိုက် ပါတယ်.
                                             သူရှိန်ထွန်း 
မွေးနေ့မှစပြီးနှစ်တစ်ရာတိုင်ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ပါစေ။
                                     မသော်သော်ဟံသာ
အမ မေဇော်လေး 23 မွေးနေ့မှ နှစ်ပေါင်း 120 တိုင်တိုင် မိဘကိုကျေးဇူးဆပ်နိုင်သော အမျိုးဂုဏ်ကိုစောင့်ရှောက်သော ဘာသာ သာသနာကိုစောင့်ရှောက်သော ကျန်းမာပျော်ရွင် တဲ့ အမျိုးသမီး တစ်ယောက်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
                                                              ရဲမင်းထွန်း(http://wisdomlife.blogspot.com )
ပေါက်စလေး (လူကြီးခေါ်သလို လိုက်ခေါ်ကြည့်တာ) မွေးနေ့မှစ၍ နောင်နှစ်များစွာတိုင် စိတ်ချမ်းသာစွာဖြင့် ချစ်သောသူများနှင့်အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ....
                                                                               မပန်းဇာဖြူ
မေဇော်လေး ရဲ.မွေးနေ.မှစပြီးနောက်နှစ်ပေါင်းများစွာစိတ်ချမ်းသာစွာနေထိုင်နိုင်ပါစေ..။
ညီမလေးပေါက်စသို့မွေးနေ့လက်ဆောင်
ယခုကျရောက်တဲ့မွေးနေ့ရက်မြတ်မှသည် ပျော်ရွှင်ခြင်းတွေ စုံညီစွာဖြင့် အသက်ရှည်သမျှကာလပတ်လုံး ချစ်ခင်ရသူနှင့်မကွဲမကွာ
ရွှေလက်တွဲကာ မြဲမြံစေကြောင်း ဘ၀ဟူသည် ကတ္တီပါခင်းသည့်အလား ချောမွေ့ညီညာ တောင်းဆုသမျှ အရာရာ ပြည့်လို့
အေးချမ်းသည့်ဘ၀ အတူတကွ လျှောက်လှမ်းနိုင်ကြပါစေကြောင်း..........
ပျော်ရွှင်ဖွယ်မွေးနေ့တွေကိုဒီညီအကိုမောင်နှမတွေနဲ့အတူတူ နှစ်ပေါင်းများစွာ အတူတကွ ဖြတ်သန်းနိုင်ပါစေ
ချစ်သော အမကြီးဒိုးကန် (http://madankoo.blogspot.com )
ဒီနေ့ ဒီရက်ကျရောက်တဲ့
ချစ်ညီမငယ်လေးမွေးနေ့မှာ
ပျော်ရွှင်စေပြီး နှလုံးအိမ်
ပြုံပန်းဝေလို့
ရာသက်ပန် မနောဖြူ
အတွေးတွေ မထူပဲ
မာန်မာနကင်း
သတင်းမွှေးပြီး
ကိုယ်ပိုင်ဖိနပ်တရံကို
ရိုးသားစွာစီး
ဖြူစင်ခြင်းလမ်းကို
ညီမငယ်လေးရွှေးနိုင်ပါစေ
ကိုယ်ကျိုးမဖက်တဲ့
အများကျိုးသက်သက်ကိုလဲ
ဆောင်ရွက်မှုကို မက်မောတတ်ပါစေလို့
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်
ညီမငယ်ရေ
မမ jasmine  (http://www.sabaecho.com/ )
သိင်္ဂါရီ မနက်ဖြန်များသို့
သက္ကရာဇ်တစ်ခု ထဲမှာ
လူသားရဲ့ လူသားဆန်မှု တွေနဲ့
သင်
ဘယ်အသက်အရွယ်ကို ခြေချမလဲ။
ထီးနဲ့ ဖိနပ်လို ခံယူချက်တွေနဲ့
နွေခေါင်ခေါင်လဲ
လျှောက်စေ။
ဆူးခင်းလမ်းလဲ
ရောက်စေ။
သင် ဟာ တကယ်ပဲ
ရင့်ကျက်လူငယ်တစ်ယောက်
ဖြစ်သင့်ဖြစ်ထိုက်စွာ
ဖြစ်စေ။
                 ကဗျာဆရာလက်ဝဲ..(  http://lettwell.blogspot.com/ )
      မေဇော့်မွေးနေ့က စပြီး..
ပန်းပွင့်လေးလိုလည်း ရွှင်လန်းပါစေ..
ဆီမီးလိုလည်း အလင်းဆောင်နိုင်ပါစေ...
ရေလိုလည်းအေးချမ်းပါစေ...
နောင်လာမယ့် သံသရာတစ်လျှောက်လုံး.. ပါရမီဖြည့်ပါရစေလို့ ဆုတောင်းပါတယ်...။
ဒီလို ချယ်ရီပန်းလေးတွေ..ပွင့်တဲ့နေရာကို...
သိပ်မဝေးတဲ့တစ်ချိန်ချိန်မှာ....
ငါပြန်လာခဲ့မှာပါနော်....။
မေမြို့မိုး
http://maymyomoe90.blogspot.com